Sigenergy အကြောင်း
ဗီဒီယိုကို ကြည့်ပါ

Sigenergy သည် စွမ်းအင်သိုလှောင်စနစ်များ၊ ဆိုလာအင်ဗာတာများနှင့် EV အားသွင်းကိရိယာများ အပါအဝင် အဆင့်အမြင့်ဆုံး အိမ်သုံးနှင့် လုပ်ငန်းသုံး စွမ်းအင်ဖြေရှင်းနည်းများ တီထွင်ထုတ်လုပ်ရေးအပေါ် အာရုံစိုက်လုပ်ဆောင်သည့် တီထွင်မှုကိုအားပေးသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ လုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူ ရာကျော်ပါသည့် ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီ R&D အဖွဲ့သည် စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုဖြင့် ကမ္ဘာကြီးကို ပိုစိမ်းလန်းအောင်လုပ်မည်ဆိုသည့် မျှော်မှန်းချက်ကို လက်ကိုင်ပြုထားပါသည်။

နောက်ဆုံးပေါ် ပါဝါ အီလက်ထရွန်နစ်များ၊ ဒစ်ဂျစ်တယ်နှင့် AI နည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အသင့်တော်ဆုံး ဘေးကင်းရေး အင်္ဂါရပ်များဖြင့် မျိုးဆက်သစ် စွမ်းအင်ထုတ်ကုန်များကို တည်ဆောက်လျက်ရှိသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာ ရောင်းချမှုများနှင့် ဝန်ဆောင်မှုများဖြင့် ကျွန်ုပ်တို့သည် ဝယ်ယူသူများ၏ ပို၍ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ ခရီးစဉ်တွင် ဝယ်ယူသူများ၏ အယုံကြည်ရဆုံး မိတ်ဖက်များ ဖြစ်လာရန် ရည်မှန်းထားပါသည်။

ကျွန်ုပ်တို့၏ စံတန်ဖိုးများ

alt

Safe

alt

Intelligent

alt

Green

alt

Efficient

alt

New

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

လူတိုင်း စိမ်းလန်းသော စွမ်းအင် ရရှိရေးနှင့်

စွမ်းအင်အတွက် အမှီအခိုကင်းရှင်းရေး။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

ဖြန့်ဝေပေးသော စွမ်းအင်တွင် ရှေ့ဆောင်သူ ဖြစ်လာရေး။

ဘက်ပေါင်းစုံ ဘေးကင်းမှု၊ အလွန်အမင်းရိုးရှင်းမှုနှင့် သူမတူသော စွမ်းဆောင်ရည်တို့ဖြင့်

အသိဉာဏ်ရှိသော စွမ်းအင် ဖြေရှင်းနည်းများ တည်ဆောက်ပါ။

    alt
    2022

    တည်ထောင်ချိန်

    alt
    500+

    ဝန်ထမ်းများ

    alt
    70%

    ဆောင်ရှဲလုပ်သူများ

    alt
    7

    ဒေသတွင်းရုံးခန်းများ

    alt
    6GWh

    ဘက်ထရီ ထုတ်လုပ်နိုင်စွမ်း

    alt
    200+

    မူပိုင်ခွင့်များ သုံးထားသည်

    alt
    12GW

    ပါဝါ ထုတ်လုပ်နိုင်စွမ်း

    alt
    20+

    နိုင်ငံ

alt

ထိပ်တန်း စမတ် ကုန်ထုတ်မှု

ပြင်းပြသော တီထွင်ဆန်းသစ်မှု စွမ်းပကားများရှိသည့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းစုများ၏ ဗဟိုချက်ဖြစ်သော ရှန်ဟိုင်းမြို့၊ လင်ဂန်း နယ်မြေသစ် (Lin-gang New Area) တွင် အခြေစိုက်သည့် ကျွန်ုပ်တို့၏ စတုရန်းမီတာပေါင်း 20,000 ကျယ်သော ကုန်ထုတ်လုပ်ရေးစင်တာတွင် ထူးခြားသော အကျိုးများမှုရှိသည့် အရည်အသွေးမြင့် ထုန်ကုတ်များ ထုတ်လုပ်နိုင်စေသည့် နောက်ဆုံးပေါ် နည်းပညာ ထည့်သွင်းတပ်ဆင်ထားပါသည်။ စင်တာတွင် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ချောမွေ့စေပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ်မှု ထိန်းချုပ်နိုင်စွမ်းကို ရရှိစေသည့် နောက်ဆုံးပေါ် ကုန်ထုတ်လုပ်မှု လုပ်ကိုင်ဆောင်ရွက်စနစ် (MES) လည်း ရှိပါသည်။

alt

အရည်အသွေးနှင့် ပြီးပြည့်စုံမှု တွေ့ဆုံမိသည်

Sigenergy တွင် ဝယ်ယူသူကို ပထမဦးစားပေးရေးဆိုသည့် ကျွန်ုပ်တို့၏ မသွေမဖည်သော ကတိကဝတ်သည် ကျွန်ုပ်တို့ လုပ်သမျှ အရာတိုင်းအတွက် ပင်မဗဟိုချက် ဖြစ်ပါသည်။ အကောင်းဆုံးအတွက် မရပ်မနား ကြိုးပမ်းမှုဖြင့် ကျွန်ုပ်တို့သည် ဝယ်ယူသူ မျှော်မှန်းချက်များ ပြည့်မီပြီး ကျော်လွန်သည့် တီထွင်မှုအားကောင်းသော ထုတ်ကုန်များကို တီထွင်ဖန်တီးရန် အမြဲကြိုးပမ်းနေပါသည်။ တင်းကျပ်သော အရည်အသွေး ထိန်းချုပ်မှုအတွက် ကျွန်ုပ်တို့၏ တိကျပြတ်သားသော လုပ်ကိုင်ဆောင်ရွက်မှုသည် ကျွန်ုပ်တို့၏ စက်ရုံများမှ ထွက်ခွာသွားသည့် ထုတ်ကုန်တိုင်းသည် စံနှုန်းအမြင့်မားဆုံးဖြစ်သည်ကို အာမခံချက်ပေးပါသည်။

alt

ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ R&D ရုံးချုပ်

ကျွန်ုပ်တို့ စတုရန်းမီတာ 8,000+ အကျယ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်နှင့် R&D စင်တာသည် ဝန်ထမ်းပေါင်း 500 ကျော် ဆံ့ပြီး ထိုဝန်ထမ်း၏ 70% မှာ R&D အင်ဂျင်နီယာများ ဖြစ်ကြသည်။ ဝန်ထမ်းများ ပျော်ရွှင်ကျေနပ်ခြင်းက အခြေခံအားဖြင့် ဝယ်ယူသူများ ပျော်ရွှင်ကျေနပ်ခြင်း ဖြစ်ပေါ်စေနိုင်ကြောင်းကို ကျွန်ုပ်တို့ လေးလေးနက်နက် ယုံကြည်၍ လူတိုင်းကို အကောင်းဆုံးပုံစံ ဖြစ်စေသည့် ပွင့်လင်းကာ ပူးပေါင်းလုပ်ကိုင်တတ်ပြီး ဖန်တီးမှုအားကောင်းသော အစဉ်အလာတစ်ရပ်ကို ကျွန်ုပ်တို့ လက်ကိုင်ပြုနေပါသည်။ ထိုနည်းလမ်းဖြင့်သာ ကျွန်ုပ်တို့သည် ပိုတောက်ပသော အနာဂတ်ဆီသို့ အားဖြည့်ပေးမည့် ဆန်းသစ်တီထွင်အားကောင်းသော ထုတ်ကုန်များနှင့် ဖြေရှင်းနည်းကို ဖော်ဆောင်နိုင်ပါသည်။

alt

ကျွန်ုပ်တို့ ဆိုလာဖြင့် လုပ်ကိုင်နေပါသည်

Sigenergy ထုတ်ကုန်များကို အလိုက်သင့်အသုံးပြုခြင်းနှင့် ဆိုလာ စွမ်းအင်ကို လက်ခံယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏ စက်ရုံသည် စိမ်းလန်းသော ကုန်ထုတ်လုပ်ရေးကို လက်တွေ့ဖြစ်ပေါ်စေခဲ့ပါသည်။ ခေါင်မိုးပေါ်တွင် စတုရန်းမီတာ 3,000 ရှိသည့် PV စက်ဖြင့် ကျွန်ုပ်တို့၏ ကာဗွန်ခြေရာကို ထိရောက်စွာ လျှော့ချခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဆိုလာစွမ်းအင်သုံး ထုတ်လုပ်မှုသည် ကျွန်ုပ်တို့၏ လုပ်ငန်းအတွက် ပိုမြင့်မားသော အကျိုးများမှုနှင့် ကုန်ကျစရိတ် ချွေတာမှုများကို အကောင်အထည်ဖော်ပေးနေပါသည်။ အပြုသဘော သက်ရောက်မှု ပြုလုပ်နိုင်ခြင်းအတွက် ဂုဏ်ယူနေရပြီး ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ရေး ကျင့်ထုံးများသို့ စဉ်ဆက်မပြတ် ဦးတည်သွားရန် ကတိကဝတ်ပြုပါသည်။